Wednesday, March 9, 2022

Rip current vs Riptide


https://youtu.be/pwCSaNeh53Q  
Rip current – ပုံမှန်အားဖြင့် သဲသောင်ခုံတွေရှိတဲ့နေရာမှာ လှိုင်းခေါင်းဖြူတွေ ဖြစ်ပေါ်တတ်တာကြောင့် ကမ်းခြေမှရေတွေ ပင်လယ်ထဲပြန်ဆင်းသွားတဲ့အခါ ရေဆွဲ (rip current )တွေ ဖြစ်ပေါ်ပါတယ်။ လှိုင်းကွဲတဲ့ကမ်းခြေတွေမှာ ဖြစ်ပေါ်တဲ့ ရေဆွဲတွေဟာ လှိုင်းတွေရဲ့ ပြင်းအားနဲ့ အရွယ်အစားအပေါ်မူတည်ပြီး မြန်နှုန်းကွာခြားပါတယ်။ တစ်ချို့သော ရေဆွဲတွေဟာ တစ်စက္ကန့်ကို ၈ပေအထိ မြန်နှုန်းရှိတာကြောင့် အိုလံပစ်ရေကူချံပီယံတွေထက် မြန်တာမို့ ကမ်းခြေမှာ ရေကူးနေသူတွေကို ပင်လယ်ထဲဆွဲခေါ်သွားနိုင်တဲ့အန္တရာယ်ရှိတယ်။  
Riptide – ရေလက်ကြားတွေမှာ ဒီရေတက်လာပြီး ပြန်ကျသွားတဲ့အခါ စွမ်းအားမြင့်တဲ့ရေစီးကြောင်းဖြစ်ပေါ်ခြင်းကို Riptide လို့ခေါ်တယ်။ ဒီရေအတက်အကျက နေတိုင်းရှိတာကြောင့် အတားအဆီးတွေရှိတဲ့ကမ်းခြေတလျှောက်မှာ ရှိတဲ့ ရေလက်ကြားတွေမှာ Riptideတွေကို နေ့တိုင်းတွေ့ရလေ့ရှိတယ်။  
Undertow – အပေါ်ယံရေလွှာရဲ့အောက်ဘက်မှာရှိတဲ့ရေလွှာဟာ လှိုင်းတွေရဲ့လားရာနဲ့ဆန့်ကျင်ပြီး ပင်လယ်ဘက်သို့ရွှေ့လျားရာမှ ရေစီးကြောင်းတစ်ခုဖြစ်ပေါ်လာတယ်။ ဒီရေစီးကြောင်းဟာ ကမ်းခြေတလျှောက်မှာ ခဏတာဖြစ်ပေါ်တဲ့ ရေစီးကြောင်းမျိုးပဲဖြစ်ပါတယ်။
Surf zone – လှိုင်းခေါင်းဖြူတွေဖြစ်ပေါ်တတ်တဲ့ နေရာဟာ ရေအနက် ၅မီတာမှ ၁၀မီတာအနက်ရှိတဲ့ ကမ်းခြေတွေဖြစ်တာကြောင့် ကျွမ်းကျင်တဲ့ ရေလွှာလှိုင်းစီးသူတွေဟာ ရေဆွဲတွေကို အသုံးချပြီး ရေလွှာလျောစီးခြင်းတွေကို ပျော်ရွှင်ခံစားနိုင်ပါတယ်။
A cross sea or square waves – လေတိုင်ခတ်မှုကြောင့်လှိုင်းတွေဖြစ်ပေါ်တယ်။ ဖြစ်ပေါ်တဲ့လှိုင်းတွေက တစ်ခုနဲ့တစ်ခုအပြိုင်မဟုတ်တဲ့အခါ လေးထောင်ပုံစံလှိုင်းတွေဖြစ်လာခြင်းကို cross sea or square waves လို့ခေါ်တယ်။ ဒီအခြေအနေတွေက ရေဆွဲတွေကို ဖြစ်ပေါ်စေပြီး အားပြင်းတဲ့အတွက် ပင်လယ်ဘက်သို့ဆွဲချသွားနိုင်တာကြောင့် square waves တွေကို မြင်ရင် အမြန်ဆုံရေထဲမှ ကုန်းပေါ်တက်လာဖို့လိုပါတယ်။

No comments:

Post a Comment

Hurricane Vs Typhoons Vs Cyclones

https://youtu.be/pyaLzFLn__8